မတ္တရာမြို့နယ်တွင် မီးသတ်စခန်းဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာကျင်းပ

မတ္တရာ  ဇန်နဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ မီးသတ်စခန်းဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ရာဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မီးသတ်စခန်းဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်အတွက် ပန္နတင်မင်္ဂလာအခမ်းအနားတွင်  လွှတ်တော်ကိုယ် စားလှယ် များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး တို့မှ သတ်မှတ်နေရာများအလိုက် ပန္နက်တင်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

အဆိုပါဝန်ထမ်းအိမ်ရာအား ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေမှ တင်ဒါ အောင်မြင်သည့်ငွေကျပ်(၂၅၀,၆၀၀,၀၀၀)ဖြင့် အလျားပေ ၈၀ အနံ ပေ ၃၀   ()ခန်းတွဲ (၄)ထပ် သံကူကွန်ကရစ် အဆောက်အဦအား လင်းသူရိန် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)