မိုင်းယောင်း ဧပြီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ် ဟိုခုံဘုန်းကြီးကျောင်း၌ ယမန်နေ့ညနေ ၄ နာရီက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပနိုင်ရေး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၏ ဩဝါဒခံယူခဲ့ကြောင်း သိရသည်။
ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီး ထပ်လုံစေတီတော် အဆင်းလမ်း၊ ရွှေသင်္ကန်း၊ ကျောင်းဆောင်သစ်စသည့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာပွဲအခမ်းအနား ကျင်းပနိုင်ရေး ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များက ရှင်းလင်းလျှောက်ထားကြသည်။
ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသောက ထပ်လုံအလှူမင်္ဂလာအခမ်းအနားနှင့်ပတ်သက်၍ ဩဝါဒမိန့်ကြားခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း