ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ ကုသိုလ်တော်အဖြစ် ပြည်ကြီးချမ်းသာမဟာစေတီတော် (မြို့ဦးစေတီ) ၌ သန့်ရှင်းရေးဆောင်ရွက်

ဒဂုံမြောက် ဧပြီ ၁၉

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းသောကာလ၊ မြန်မာ့ရိုးရာယဥ်ကျေးမှုအရ နှစ်ဟောင်းကုန်၍ နှစ်သစ်နှစ်ဆန်းတွင် မြန်မာပြည်သူများသည် ပရဟိတလုပ်ငန်းများကို ကုသိုလ်ယူဆောင်ရွက်လျက်ရှိရာ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ မြန်မာနှစ်ဆန်း ၁ ရက်နေ့ ကုသိုလ်တော်အဖြစ် မြို့နယ်မီးသတ်ဦးစီးဌာနမှ ပြည်ကြီးချမ်းသာမဟာစေတီတော် (မြို့ဦးစေတီ) တွင် သန့်ရှင်းရေးလုပ်ငန်းများကို ဧပြီ ၁ ရက်နေ့ ညပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ ကုသိုလ်တော်အဖြစ် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၁၆) ရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ ပြည်ကြီးချမ်းသာမဟာစေတီတော် (မြို့ဦးစေတီ) တွင် မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ထွန်းအောင်ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၁၅) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀) ဦး၊ ဘုရားဂေါပက ဒုတိယဥက္ကဋ္ဌ ဦးစောလွင်နှင့် လုံခြုံရေးအဖွဲ့ဝင် (၇) ဦးတို့ပူးပေါင်း၍ ရေဂါလန် ၃၂၀၀ ဆံ့ရေသယ်ယာဥ်ဖြင့် စေတီတော်အား ရေသပ္ပါယ်ခြင်း၊ စေတီရင်ပြင်တော်နှင့် ဘုရား‌စေတီဝန်းအတွင်း ရေဆေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို ကုသိုလ်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ