မှော်ဘီ ဧပြီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ရွှေမော်တင်စေတီတော်ဂေါပကအဖွဲ့နှင့် ရပ်ကွက်ကျေးရွာအုပ်စု (၄၃) အုပ်စုမှ အုပ်ချုပ်ရေးမှူးများမှ ကြီးမှူးကျင်းပသော (စတုတ္ထ) အကြိမ်မြောက် နှစ်ဦးအထူးတရားပွဲကို မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး နှစ်ဆန်း (၂) ရက်နေ့ ည (၇) နာရီအချိန်က ရွှေမော်တင်စေတီတော်မြတ်ကြီး၏ ဝတ္တကမြေ၌ ကျင်းပသည်။
အဆိုပါ မြန်မာ့ရိုးရာနှစ်သစ်ကူး နှစ်ဦးတရားပွဲတော်ကျင်းပရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနှစ်ဆန်း (၂) ရက်နေ့ နှစ်ဦးအထူးတရားပွဲကို ကိုးလုံးကွင်းပရိယတ္တိစာသင်တိုက်ကြီး၏ ဆရာတော်ဘဒ္ဒန္တဃောသိတ (သာသနဓဇအစိုးရဓမ္မာစရိယမဟာဂန္တဝါစကပဏ္ဍိတ၊ မှော်ဘီမြို့နယ်သံဃနာယကဥက္ကဋ္ဌ၊ တိုင်းသံဃဝန်ဆောင်) မှ သူ့ကိုမုန်းလျှင်ကိုယ်ရှုံးတယ်ဟူသော အထူးတရားတော်အား ဟောကြားခဲ့သည်။
မြန်မာ့ရိုးရာ နှစ်သစ်ကူးနှစ်ဦးတရားတော်အား ဟောကြားပေးပါသော ဆရာတော် ဘဒ္ဒန္တဃောသိတ (သာသနဓဇအစိုးရဓမ္မာစရိယ မဟာဂန္တဝါစကပဏ္ဍိတ၊ မှော်ဘီမြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်အား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်၊ အဖွဲ့ဝင် ဗိုလ်မှူး ပြည်စုံကျော်၊ အဖွဲ့ဝင် ဦးဝင်းစိုးတို့မှ မတည်အလှူငွေကျပ် (၁၅) သိန်း၊ ရပ်ကွက်ကျေးရွာများမှ မတည်အလှူငွေ (၁,၇၁၆,၀၀၀) သိန်းနှင့် (၇) ရက်သားသမီးများ၏ ဓမ္မပူဇာအလှူတော်ငွေကျပ် (၁,၃၇၀,၀၀၀) သိန်း စုစုပေါင်းငွေ ကျပ် (၄,၅၈၆,၀၀၀) သိန်းတို့အား ဆပ်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရား နာကြားခဲ့ပြီး ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတုသုံးကြိမ်ရွတ်ဆိုကာ ဓမ္မသဘင်အခမ်းအနားအား အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)