တိုက်ကြီးမြို့နယ်၌ သောက်သုံးရေရှားပါးသောဒေသများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း

တိုက်ကြီး ဧပြီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့၌ နွေရာသီတွင် သောက်သုံးရေရှားပါးပြီး ရေလိုအပ်လျက်ရှိသည့်ဒေသများသို့ မြို့နယ်မီးသတ်ဦးစီးဌာနက သောက်သုံးရေများ လှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မလေးရှားဝိုင်ကျေးရွာအုပ်စု၊ လိပ်ကြည်ကျေးရွာသို့ သွားရောက်လှူဒါန်းသည်။

ထိုသို့ လှူဒါန်းရာတွင် မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးနေမျိုးထွန်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက သောက်သုံးရေလိုအပ်နေသည့် လိပ်ကြည်ကျေးရွာ ငြိမ်းချမ်းရေးလမ်းစဉ် တောရကျောင်းသို့ မီးငြိမ်းသတ်ယာဉ်တစ်စီးဖြင့် ရေဂါလံ ၈၀၀ ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)