အဖျောက်မြို့၌ အန္တရာယ်ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်

တိုက်ကြီး ဧပြီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၌ နှစ်ဦးကာလတွင် မြို့သူမြို့သားများ ဘေးဘယာဝေးကွာ၍ အန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်ကာ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ယနေ့နံနက်ပိုင်းက အဖျောက်မြို့တွင်းသို့ လှည့်လည်ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် အဖျောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွေး ဦးဆောင်၍ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက မီးသတ်ယာဉ်တစ်စီးကို အသုံးပြု၍ ပင့်သံဃာငါးပါးဖြင့် အဖျောက်မြို့တွင်းသို့လှည့်လည်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်သည်။

ထို့နောက် မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့အမျိုးသမီးရေးရာအဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းခွဲမှ အသင်းဝင်များက ဇီဝိတဒါနအဖြစ် ဧရာဝတီမြစ် အတွင်းသို့ ငါးကောင်ရေ ၃၀၀ အားလွှတ်ပေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)