လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ငါးလွှတ်ပွဲ ကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီတွင် ကျင်းပသည်။

အဆိုပါ ငါးလွှတ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့၀င်များကြီးမှူး၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်နှင့်အဖွဲ့ဝင်များ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များတို့က ငါးအကောင်ရေ (၇၀၀၀) အား  ဘေးမဲ့လွှတ်လှူကာ ဇီဝိတဒါနအဖြစ် လွှတ်ပေးသည်။

ထိုသို့ ငါးမျိုးစိုက်ထည့်ခြင်းသည် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ သတ္တဝါဝေနေယျတို့ ဘေးမဲ့လုံခြုံရာရရှိစေရန်၊ ကုသိုလ်ကောင်းမှု ပွားများစေရန်နှင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ် ထိန်းသိမ်းရာရောက်သည့်အပြင် ငါးသယံဇာတများ ပိုမိုတိုးပွားလာစေရန် ဇီဝိတဒါနငါးလွှတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)