မူဆယ်မြို့တွင် ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့

မူဆယ် ဧပြီ ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့၌ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ဂါရဝပြုပူဇော်ကန်တော့ခြင်း အခမ်းအနားကို ယနေ့တွင် ရွှေလီမြစ်ကမ်းရှိ ဟိုဆောင်ချောင်းသာ ကမ်းခြေနှင့် လွယ်တိန်ခမ်း ဘိုးဘွားရိပ်သာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၁၀ နာရီအချိန်တွင် ဇီဝိတဒါန ငါးလွှတ်ပွဲကို ရွှေလီမြစ်ကမ်းဘေးရှိ ဟိုဆောင် ချောင်းသာ ကမ်းခြေ၌ ကျင်းပရာ မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းနှင့် ခရိုင်ဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့် မြို့နယ်ဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များက စုပေါင်း၍ ငါးခူ၊ ငါးသလဲထိုး စုစုပေါင်း အကောင်ရေ ၁၅၀၀ ကောင်အား ရွှေလီမြစ်အတွင်းသို့ ဇီဝိတဒါန ဘေးမဲ့လွှတ်ပေးခဲ့ကြသည်။

ဆက်လက်၍ မွန်းလွဲ ၁ နာရီတွင် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ခြင်းအခမ်းအနားကို လွယ်တိန်ခမ်း ဘိုးဘွားရိပ်သာတွင်ကျင်းပရာ မူဆယ်မြို့မှ သက်ကြီးဘိုးဘွား ၂၆၈ ဦးအား ဂါရဝပြုလှူဒါန်းငွေ (ကျပ် ၆၂၂၆၆၀၀၀ိ/-) တိတိနှင့် အလှူပစ္စည်းများကို  အဘိုးအဘွားများထံ လက်ရောက်လှူဒါန်းခဲ့ကြပြီး အဖိုး ဦးစိုင်းမောင်လှနှင့် အဖွား ဒေါ်အယ်လ်ခေါန်နန်းတို့က ကျေးဇူးတင်ဆုတောင်းမေတ္တာစကား ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ခရိုင်ဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)