ရွှေကူမြို့နယ်၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့  သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့

ရွှေကူ ဧပြီ  ၁၇

ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များက စုပေါင်း၍ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲအခမ်းအနားကို အစဉ်အလာမပျက်  ကျင်းပသည်။

အခမ်းအနားတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းစိုးစံ၊ မြို့နယ်ရဲမှူးမြင့်ဇော်၊ ဌာနဆိုင်ရာများနှင့် ဝန်ထမ်းမိသားစုများ၊ အလှူရှင်များက တောပုန်းကျေးရွာအုပ်စုနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွား (၁၁၈) ဦးတို့အား တစ်‌ဦးလျှင်အလှူငွေကျပ် ၁၀၀,၀၀ဝ နှုန်းဖြင့်လည်းကောင်း၊  ဆေးဝါးနှင့် အားဖြည့်စားသောက်ကုန်များ၊ တစ်ကိုယ်ရေသုံးပစ္စည်းများဖြင့်လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြရာ ကန်တော့ခံအဘိုးတစ်ဦးက ဆုတောင်းစကားနှင့် လိုက်နာမှတ်သားဖွယ်ရာဩဝါဒများ ပြောကြားသည်။

ထို့နောက်  ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းစိုးစံ၊ ဌာနဆိုင်ရာများနှင့် ဝန်ထမ်းမိသားစုများက အခမ်းအနားသို့ မတက်ရောက်နိုင်ကြသည့် အဘိုးအဘွားများအား အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်