ကျိုင်းတုံမြို့၌ ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားပူဇော်ပွဲကျင်းပ

ကျိုင်းတုံ ဧပြီ ၁၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက် ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားပူဇော်ပွဲကို ဧပြီ ၁၇ ရက်က ကျင်းပသည်။

၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက် ဇီဝိတဒါနငါးလွှတ်ပွဲသို့ ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်း၊ ဝစီပိတ်ဆရာတော်နှင့် သံဃာတော်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးနိုးဝေ၊ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ရွှေဝါငါးကြင်း ငါးသားပေါက်အကောင်ရေ (၃၀၀၀) ကို ကျိုင်းဖောင်းချောင်းအတွင်း ဇီဝိတဒါန လွှတ်ပေးခဲ့ပေးကြသည်။

ထို့နောက် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက် သက်ကြီးဘိုးဘွားပူဇော်ပွဲကို မြို့တော်ခန်းမ၌ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စိုးမြတ်ထွဋ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများက ဘိုးဘွားများအား ကန်တော့ချိုးဖြင့်ရှိခိုးကန်တော့ပြီး ဂါရဝလက်ဆောင်ပစ္စည်းများ ‌ပေးအပ်လှူဒါန်းရာ အဘွားတစ်ဦးက ဆုပေးစကားပြောကြားသည်။ ထို့အပြင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အမှတ် (၃) တပ်မတော်ဆေးရုံ ကုတင် (၃၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၊ ကျိုင်းတုံ (၂၅) ခုတင်ဆံ့တိုင်းရင်းဆေးရုံတို့မှ ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများက အဘိုးအဘွားများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)