ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနားသို့ တက်ရောက်

ဟိုပုံး ဧပြီ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက သီရိမင်္ဂလာ ရွှေချမ်းသာမွေတော်ဘုရားကြီးတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့်အဖွဲ့ဝင်များ၊ ဒေသအဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများအား ရှိခိုးကန်တော့ခဲ့ကြသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အသက် (၈၀) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား၊ ဟိုပုံးမြို့ မြိုဦးကွက်သစ်ရပ်ကွက် (၁၂) ဦး၊ မြိုဦးရပ်ကွက် (၂၁) ဦး၊ တုံခမ်းရပ်ကွက် (၈) ဦး၊ အနောက်ရပ်ကွက် (၁၆) ဦး၊ အရှေ့ရပ်ကွက် (၂) ဦး၊ တောင်ရပ်ကွက် (၂၈) ဦး၊ စုစုပေါင်း (၈၇) ဦးတို့အား ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)