ဆီဆိုင်မြို့၌ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ဆီဆိုင် ဧပြီ ၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ နှစ်သစ်ကူးမင်္ဂလာပွဲအဖြစ် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို  ယနေ့နံနက် နာရီခွဲက ဇဝနာရာမစာသင်ကျောင်းတိုက်မှ မြို့မဈေးတစ်ပတ်လှည့်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မြို့ပေါ်ရှိဇဝနာရာမစာသင်ကျောင်းတိုက်၊ ဥတ္တရာရုံစာသင်ကျောင်းတိုက်၊ ရှမ်းကျောင်း၊ မွေတော်ဘုရားကျောင်း၊ မင်္ဂလာဘုရားကျောင်းတို့မှ သံဃာတော် (၆၀) ပါးတို့က ကြွရောက်ချီးမြှင့်ပေးခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦခွန်ကျော်ရန်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများအပါအဝင် ရပ်နီးရပ်ဝေးမှ စေတနာရှင်၊ အလှူရှင်များက ဆွမ်းဆန်စိမ်းနှင့် ဝတ္ထုငွေတို့ကို လောင်းလှူခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)