ရန်ကုန် ဧပြီ ၁၆
ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် ရခိုင်တိုင်း ရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်းနှင့်ဇနီးတို့သည် ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ၌ ၁၃၈၇ ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန် မဏ္ဍပ်များတွင် တိုင်းရင်းသားစာပေယဉ်ကျေးမှု အဖွဲ့များမှ တာဝန်ရှိသူများ၊ ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲကြသည်။
ဦးစွာ တိုင်းဒေသကြီးကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နှင့် ဇနီးတို့ကို ရန်ကုန်မြို့ ပြည်ထောင်စု တိုင်းရင်း သားကျေးရွာမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နှင့် ဇနီးတို့သည် တိုင်းရင်းသား၊ တိုင်းရင်းသူများက အကအလှ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှုအားပေးပြီး ဖျော်ဖြေ တင်ဆက်ခဲ့ကြသူများကို ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ကာ တက်ရောက်လာသူများကို သပြေခက်ဖြင့် ရေဖြန်းပက်ပေးကာ ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ယင်းနောက် တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနှင့် ဇနီးတို့သည် ရန်ကုန်မြို့ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ၌ ၁၃၈၇ ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် လမ်းလျှောက် သင်္ကြန် မဏ္ဍပ်များတွင် ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)