မင်္ဂလာဒုံ ဇန်နဝါရီ ၁၄
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြိုနယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့၀င်များကို အလှူရှင်များ ကိုယ်စားဂုဏ်ပြု လက်ဆောင်ပေးအပ်သည့် အခမ်းအနားအား ယနေ့နံနက်၉နာရီက မင်္ဂလာဒုံမြို့နယ်ထောက်ကြန့်ပညာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စင်တာတွင် ကျင်းပခဲ့သည်။
ဂုဏ်ပြုပွဲတွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးနေဆန်း၊ မြောက်ပိုင်းခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ထိန်လင်း၊ မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးအေးသွင်တို့က မင်္ဂလာဒုံ မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံကူညီဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီတပ်ဖွဲ့၀င်(၄၀)ဦးအား တစ်ဦးလျှင် အားကစားအင်္ကျီတစ်စုံ၊ ဆန်(၅)ပြည်၊ ကြက်ဥ (၁၅)လုံးနှုန်းဖြင့် အလှူရှင် များက လှူဒါန်းထားသော ပစ္စည်းများကို ထပ်ဆင့်ပေးအပ်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးသန့် (ပြန်/ဆက်)