အင်တောမြို့၊ ထမင်းပေါင်းကျေးရွာတွင် စုပေါင်းသန့်ရှင်းသာယာလှပရေးဆောင်ရွက်

အင်တော    ဇန်နဝါရီ     ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  အင်တောမြို့၊ ကျောက်ဂူကျေးရွာအုပ်စု၊  ထမင်းပေါင်းကျေးရွာအတွင်းရှိ လမ်းသန့်ရှင်း သာယာ လှပရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်  ရည်ရွယ်ပြီး စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို  ကျေးရွာနေ ပြည်သူများက ယနေ့ နံနက်၁ဝ နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင်  ထမင်းပေါင်းဘုန်းတော်ကြီးကျောင်း၏ ဦးဆောင်မှုဖြင့် ကျေးရွာနေ ပြည်သူ များက ကျေးရွာအတွင်း လမ်းမကြီးတစ်လျှောက်နှင့် လမ်းသွယ်များတွင် အမှိုက်ကောက်ခြင်း၊ ပေါင်းမြက်များနှင့် ခြုံနွယ်များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ စနစ်တကျ စွန့်ပစ်မီးရှို့ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး တစ်ပတ်တစ်ကြိမ်  အပတ်စဉ် ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ခိုင် (အင်တော)