ပင်လုံမြို့တွင် နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် အတက်နေ့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

ပင်လုံ ဧပြီ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် သင်္ကြန်အတက်နေ့၌ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ယိမ်းအကအဖွဲ့များ၏ သင်္ကြန်အကများ၊ သင်္ကြန်သီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများ၊ DJ အကများဖြင့် ဖျော်ဖြေဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ပြည်သူများအေးချမ်းသာယာပျော်ရွှင်စွာ ပါဝင်ဆင်နွှဲရေကစားနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များ၊ ယာဉ်ထိန်းတပ်ဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)