ချောင်းဆုံမြို့နယ် သင်္ကြန်အတက်နေ့တွင် တောင်ပေါ်ကြီးဧည့်သည်ခေါ် ဘုရားပွဲတော် လည်ပတ်သူများဖြင့် စည်ကား

ချောင်းဆုံ  ဧပြီ  ၁၆

မွန်ပြည်နယ် (ဘီလူးကျွန်း) ချောင်းဆုံမြို့နယ်၌ သင်္ကြန်အတက်နေ့တွင် တောင်ပေါ်ကြီးဧည့်သည်ခေါ်ဘုရားပွဲတော်၌ လည်ပတ်သူများ၊ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။

မဟာသင်္ကြန်ကာလ၌ ဧည့်သည်ခေါ်ဘုရားပွဲတော်ရက် ကျရောက်သည့် ကျေးရွာများရှိ နေအိမ်အများစုတွင် ထမင်း၊ ဟင်း၊ အချိုရည်အအေးများဖြင့် မိတ်သစ်၊ မိတ်ဟောင်းများကို ဧည့်ခံကျွေးမွေးခြင်းနှင့် စတုဒိသာမဏ္ဍပ်များဖြင့်လည်း ဧည့်ခံကျွေးမွေးလျက်ရှိပြီး  ဧည့်သည်ခေါ်ဘုရားပွဲတော်များကို သင်္ကြန်အကြိုနေ့တွင် မုရစ်ကြီးကျေးရွာဘုရားပွဲ၊ သင်္ကြန်အကျနေ့တွင် နတ်မှော်ကျေးရွာဘုရားပွဲ၊ သင်္ကြန်အကြတ်နေ့တွင် ရွှေမြင့်မိုရ်တောင်ဘုရားပွဲ၊ ကရင်ဝင်းစိန်ကျေးရွာ (တောင်ပေါ်ကြီး) ဘုရားပွဲတော်တို့ကို ပြုလုပ်ခဲ့ပြီး လာမည့်နှစ်ဆန်းတစ်ရက်နေ့တွင်(သက္ကော၊ ဘိုးနက်) ကျေးရွာ ကျိုက်သုတ်ဘုရားပွဲတော်များကို အစဉ်အလာအတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)