နမ့်စန်(တ) ဧပြီ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် သင်္ကြန်အတက်နေ့၌ အမှတ် (၂) ရပ်ကွက်၊ မြို့နယ်ခန်းမရှေ့ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ယိမ်းအကအဖွဲ့များ၏ သင်္ကြန်အကများ၊ သင်္ကြန်သီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများ၊ DJ အကများနှင့် အလှူရှင်များ၊ဌာနဆိုင်ရာများ၏ စတုဒီသာကျွေးမွေး ဧည့်ခံမှုများဖြင့် ဖျော်ဖြေဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
ပြည်သူများအေးချမ်းသာယာပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ရေကစားနိုင်ရေးအတွက် ခရိုင်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များ၊ ယာဉ်ထိန်းတပ်ဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)