ဖယ်ခုံ ဧပြီ ၁၆
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ မြန်မာ့ရိုးရာသင်္ကြန်အတက်နေ့တွင် ဖယ်ခုံမြို့ နန်းဟူးရပ်ကွက်၊ ပြည်ထောင်စုလမ်းမရှိ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့၌ ရေကစားသူများက ပျော်ရွှင်စွာ ပါဝင်လျက်ရှိသည်။
အဆိုပါဗဟိုမဏ္ဍပ်တွင် ယိမ်းအကအလှများနှင့် အဆိုဝါသနာရှင်များက သီဆိုဖျော်ဖြေလျက်ရှိရာ ဒေသခံပြည်သူ လူထုများစွာ ရေသဘင်ပွဲသို့ လာရောက်ကြည့်ရှုအားပေးရင်း ပျော်ရွှင်စွာ ရေကစားကြသည်။ ပွဲတော်လာပြည်သူများအား စတုဒိသာဖြင့် နေ့စဉ်ဧည့်ခံကျွေးမွေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)