အလုံ ဧပြီ ၁၆
၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် (အတက်နေ့)၊ မနက်ပိုင်းအစီအစဥ်အား ၈ နာရီ ၃၀ မိနစ် နာရီအချိန်တွင် အလုံခရိုင်၊ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ ခရိုင်ပညာရေးမှူးရုံးရှေ့ရှိ ရွှေလုံမောင်မယ်ဖျော်ဖြေရေးမဏ္ဍပ်၌ ကျင်းပပြုလုပ်လျက်ရှိသည်။
ရွှေလုံမောင်မယ်မဏ္ဍပ်၌ အဆိုဝါသနာရှင်များမှ ဖျော်ဖြေခြင်း၊ ယိမ်းအကအလှများဖြင့် ဖျော်ဖြေခြင်း၊ ဆုချီးမြှင့်ခြင်း၊ ပြည်သူများမှ ပျော်ရွှင်ချမ်းမြေ့စွာရေကစားကြပြီး ခရီးသည် တင်ယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များနှင့် ပြည်သူများအား သာကူဖြင့် စတုဒီသာဧည့်ခံကျွေးမွေးခြင်းနှင့် ဖျော်ဖြေရေးအစီအစဥ်များ ဆက်လက် ကျင်းပပြုလုပ်လျက်ရှိသည်။
အဆိုပါ ဖျော်ဖြေရေးမဏ္ဍပ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ ၀န်ထမ်းမိသားစုများ၊ ပရဟိတအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများမှ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
ရွှေလုံသား (မြို့နယ်၊ ပြန်/ဆက်)