ဒဂုံအရှေ့ ဧပြီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် ဖျော်ဖြေရေးများ၊ စတုဒိသာကျွေးသူများ၊ လမ်းလျှောက်သင်္ကြန် ရေကစားသူများဖြင့် ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ စည်ကားလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် မဟာသင်္ကြန်အတက်နေ့၌ မြန်မ့ာရိုးရာယဥ်ကျေးမှု မဟာသင်္ကြန် ရေကစားမဏ္ဍပ်တွင် ယိမ်းအဖွဲ့များ သီဆိုကပြဖျော်ဖြေခြင်း၊ ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ စတုဒီသာမဏ္ဍပ်များတွင် ရွှေရင်အေး၊ မုန့်လုံးရေပေါ် ကျွေးမွေးလှူဒါန်းခြင်း၊ ပြည်သူများ ပျော်ရွှင်စွာ ရေကစားသူများဖြင့် စည်ကားလျက်ရှိသည်။
ပြည်သူများ အေးချမ်းပျော်ရွှင်စွာ မဟာသင်္ကြန်ပွဲတော် ပါဝင်ဆင်နွှဲနိုင်စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇော်၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ကဏ္ဍအလိုက် ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင်လည်း သက်ကြီးပူဇော်ကန်တေ့ာပွဲ၊ ပရိတ်တရားတော်နာယူခြင်းနှင့် ဇီဝိတဒါနငါးလွှတ်ပွဲများကိုလည်း ဆက်လက်ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အေးမဉ္ဇူ