မိုင်းယောင်း ဧပြီ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၌ မဟာသင်္ကြန်အတက်နေ့က ကုသိုလ်ကောင်းမှုပြုသူများ၊ ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
မဟာသင်္ကြန်အတက်နေ့တွင် ရပ်ကွက်၊ ကျေးရွာ ဘုန်းကြီးကျောင်းများ၌ ကုသိုလ်ကောင်းမှုပြုသူများ၊ သင်္ကြန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ ထမနဲသင်္ကြန်၊ လက်ဖက်သင်္ကြန်၊ ကော်ဖီသင်္ကြန်၊ စတုဒိသာမဏ္ဍပ်တို့တွင် သင်္ကြန်ယိမ်းအကအဖွဲ့များ၏ ကပြမှုတို့နှင့်အတူ စတုဒိသာကျွေးမွေးလှူဒါန်းမှုများ၊ ရေပက်ကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)