ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ သင်္ကြန်အကြတ်နေ့ ပြည်သူများ အေးချမ်းပျော်ရွှင်စွာဆင်နွှဲ

ဟိုပုံး ဧပြီ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မြန်မာတိုရဲ့ နှစ်သစ်မင်္ဂလာအခါသမယဖြစ်တဲ့ သင်္ကြအကျနေ့ မဟာသင်္ကြန်မဏ္ဍပ်တွင် ရေပက်ခံလည်ပတ်သူများ၊ ရေကစားကြသူများဖြင့် အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိသည်။

ဟိုပုံးမြို့နယ်တွင် နှစ်သစ်ကူးသင်္ကြန်ကာလ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလဆောက်တည်ကြပြီး မဟာသင်္ကြန်မဏ္ဍပ်ကြီးတွင် ယိမ်းအကအလှပြိုင်ပွဲများ၊ အဆိုတော်များ၊ DJ များဖြင့် ရေကစားသူများပျော်ရွှင်စွာရေကစားနေမှုအား ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ကျောင်းမှ အရာရှိကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှုအားပေးပြီးနောက် ယိမ်းအကအလှများ၊ အဆိုတော်များအား ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ အလားတူ ဟိုပုံးမြို့မလွှဲဆည်တွင် ဒေသခံပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိ ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)