နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း လယ်ဝေးမြို့နယ် မဟာသင်္ကြန်ပွဲတော်တွင် ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

နေပြည်တော် ဧပြီ ၁၆

၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်းနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် မဟာသင်္ကြန်အကြတ်နေ့တွင် ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲသည်။

ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် လယ်ဝေးမြို့၊ သီရိရတနာမြို့မဈေးရှေ့ ဗဟိုမဏ္ဍပ်တွင် ပြည်သူများပျော်ရွှင်စွာပါဝင်ဆင်နွဲနေမှုအခြေအနေများ၊ ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး မြို့နယ်လမ်းလျှောက်သင်္ကြန်ကျင်းပရေးကော်မတီသို့ နေပြည်တော်ကောင်စီမှ လှူဒါန်းသည့် ငွေကျပ်သိန်း ၃၀ နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီးတို့က လှူဒါန်းသည့် ငွေကျပ် သိန်း ၂၀ တို့ကို မြို့နယ်လမ်းလျှောက်သင်္ကြန်ကျင်းပရေးကော်မတီတာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းပြီး အတာရေများ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် မဟာသင်္ကြန်ပွဲတော်စတုဒီသာမဏ္ဍပ်၊ သနပ်ခါးမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်များသို့ သွားရောက်၍ ပြည်သူများအား တွေ့ဆုံနှုတ်ဆက်အားပေးကာ သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)