မိုးနဲမြို့နယ်၌ လမ်းလျှောက်သင်္ကြန်နှင့် သနပ်ခါးသင်္ကြန် ကျင်းပ

မိုးနဲ ဧပြီ ၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ အများပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန် လမ်းလျှောက်သင်္ကြန်နှင့် သနပ်ခါးသင်္ကြန်တို့ကို ပြုလုပ်ထားရာ အများပြည်သူများ ပျော်ရွှင်စွာ လာရောက် ဆော့ကစားလျက်ရှိကြောင်း သိရသည်။

အဆိုပါ လမ်းလျှောက်သင်္ကြန်နှင့် သနပ်ခါးသင်္ကြန်တို့တွင် အများပြည်သူများနှင့်အတူ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တကွ ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနဆိုင်ရာများ၊ ယိမ်းသမလေးများပါ ပူးပေါင်းပါဝင်ကာ ပျော်ရွှင်စွာဖြင့် စုပေါင်းလမ်းလျှောက်ခြင်း၊ သနပ်ခါးများလိမ်းခြယ်ပေးခြင်းတို့ကို  ပြုလုပ်ခဲ့ကြပြီး စတုဒီသာကျွေးမွေးနေမှုများအား ကြည့်ရှုအားပေးကာ စုပေါင်းဓာတ်ပုံများ ပျော်ပျော်ပါးပါး ရိုက်ကူး၍ သင်္ကြန်ရေများ ပက်ဖျန်းကာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဇင်ကိုကို