မော်လမြိုင် ဧပြီ ၁၅
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့်ဇနီး ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မဟာသင်္ကြန်အကြတ်နေ့ ယနေ့နံနက်ပိုင်းတွင် မုဒုံမြို့နယ် မြို့မ(၁)ရပ်ကွက်ရှိ လမ်းလျှောက်မဟာသင်္ကြန်ပွဲတော်အား အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား သင်္ကြန်ပန်းကုံးများဖြင့်ကြိုဆို၍ အမွှေးနံ့သာရေများ ပက်ဖြန်းခဲ့ကြကာ လမ်းလျှောက်မဟာသင်္ကြန်ပွဲတော်အား ပါဝင်ဆင်နွှဲခဲ့ပြီး လှပျိုဖြူလေးများ၏ ယိမ်းအကအလှများဖြင့် ဖျော်ဖြေကပြနေမှုတို့ကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာသည့် ဧည့်သည်တော်များအား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းခဲ့ပြီး ဒေသခံပြည်သူများ၏ အေးချမ်းပျော်ရွှင်စွာ ရေကစားနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)