တာလေ ဧပြီ ၁၅
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မြန်မာ့နှစ်သစ်ကူးသင်္ကြန်အကြတ်နေ့၌ နမ့်မွေေချောင်းသို့ စိတ်အပန်းဖြေလာရောက်လည်ပတ် ရေကစားသူများဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါ နမ့်မွေချောင်းသည် တာလေမြို့၊ မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စုတွင် တည်ရှိပြီး တာလေမြို့နှင့် တာလေမြို့အနီးရှိ တာချီလိတ်မြို့၊ မိုင်းဖြတ်မြို့၊ ကျိုင်းလတ်မြို့များမှ ပြည်သူများသည် သင်္ကြန်ရက်များအတွင်း မိသားစုများ၊ အပေါင်းအဖော်သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စွာအပန်းဖြေရန် နမ့်မွေချောင်းသို့ လာရောက်အပူရှောင်ရေကစားခြင်း၊ အပေါင်းအသင်းများ ဝိုင်းဖွဲ့စားသောက်ကြခြင်းနှင့် အမှတ်တရဓာတ်ပုံရိုက်ကြခြင်းတို့ဖြင့် စိတ်အပန်းဖြေလာရောက် လည်ပတ်ကြရာ အထူးပင်စည်ကားနေလျက်ရှိကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)