ရန်ကုန် ဧပြီ ၁၅
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများသည် ယမန်နေ့ညနေပိုင်းက ၁၃၈၇ ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်(အကျနေ့)၌ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်မဏ္ဍပ်များတွင် ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်မဏ္ဍပ်၌ သင်္ဃန်းကျွန်းခရိုင်ယိမ်းအဖွဲ့က မြူမှောင်ဝေကင်းနှင့် ပန်းမျိုးတစ်ရာ၊ နွေဦးကဗျာယိမ်းအဖွဲ့က တစ်နှစ်နွမ်းတစ်နှစ်ဆန်း၊ ငုဝါမေယိမ်းအဖွဲ့က ပိတောက်လက်ဆောင်နှင့် မမကိုယ်တိုင်က၊ ရွှေကျွန်းသူယိမ်းအဖွဲ့က ရွှေကျွန်းသူတို့အလှ သီချင်းတို့ဖြင့် ကပြဖျော်ဖြေတင်ဆက်ပြီး တေးသံရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှုအားပေးပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့က ယိမ်းအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ကာ သပြေခက်ဖြင့် ရေဖြန်းပက်ပေးပြီး ပြည်သူများနှင့်အတူ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်မဏ္ဍပ်၌ ပညာရေးယိမ်းအဖွဲ့များနှင့် တေးသံရှင်များက အကအလှတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှုအားပေးပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့က ယိမ်းအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ကာ သပြေခက်ဖြင့် ရေဖြန်းပက်ပေးပြီး ပြည်သူများနှင့်အတူ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)