စက်စဲကမ်းခြေ၌ မဟာသင်္ကြန်အကြတ်နေ့တွင် ခရီးသွားဧည့်သည်များဖြင့် စည်ကား

သံဖြူဇရပ် ဧပြီ ၁၅

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အ​ကြတ်နေ့ဖြစ်သည့် ယနေ့တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊  စက်စဲကမ်းခြေတွင် အပန်းဖြေရေကစားသူများဖြင့် စည်ကားလျက်ရှိသည်။

အဆိုပါ ကမ်းခြေ၌သင်္ကြန်ရုံးပိတ်ရက်ကာလ ရပ်နီးရပ်ဝေးမှ အပန်းဖြေရေကစားကြသည့် ဧည့်သည်များအနေဖြင့် နေ့စဉ်နံနက်ပိုင်းမှစတင်၍ ကမ်းခြေ၏ သာယာလှပသော ပင်လယ်ပြင်၌ ရေကူးခြင်း၊ အပန်းဖြေလမ်းလျှောက်ခြင်း၊ အမှတ်တရဓာတ်ပုံရိုက်ခြင်း၊ မြင်းအလှစီးခြင်း၊ စက်ဘီးစီးခြင်းများဖြင့် အပန်းဖြေကြပြီး၊ ခရီးသွားပြည်သူများအနေဖြင့် အပြန်တွင် ကျေးရွာအတွင်းရှိ ကျင်းပလျက်ရှိသော သင်္ကြန်ပွဲတော်တွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြရာ ဒေသခံပြည်သူများမှလည်း စတုဒိသာများ​ဖြင့်ကျွေးမွေးလျက်ရှိသည်။

စက်စဲကမ်းခြေသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ ဘေးအန္တရာယ်ကင်းရှင်းစွာ အပန်းဖြေရေကစားနိုင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များက ကမ်းခြေနှင့်ကျေးရွာအတွင်း နေရာအနှံ့အပြားတွင် စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)