ဖယ်ခုံ ဧပြီ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာအတာ သင်္ကြန်အကြတ်နေ့ဖြစ်သည့် ၂၀၂၆ ခုနှစ်၊ ယနေ့တွင် ပြည်သူများ အေးချမ်းပျော်ရွင်စွာ ဆက်လက်ဆင်နွှဲလျက်ရှိပြီး သင်္ကြန်အကြိုနေ့မှစ၍ ဗဟိုမဏ္ဍပ်၌ သင်္ကြန်ယိမ်းအဖွဲ့လှပျိုဖြူများ၊ ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေး အစီအစဉ်များ သီဆိုဖျော်ဖြေကြသူများဖြင့် စည်ကားလျက်ရှိသည်။
ထို့အပြင် ဖယ်ခုံမြို့ဗဟိုမဏ္ဍပ်၌ ဖျော်ဖြေရေးအစီအစဉ်များအပြင် စတုဒီတာကျွေးမွေးရေး မဏ္ဍပ်တွင် အကျွေးအမွေးများဖြင့်လည်းကောင်း၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တွင် ပြည်သူများဖြင့် စည်ကားလျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၌လည်း ဥပုသ်သီလဆောက် တည်သူများ၊ တရားဘာဝနာပွားများ အားထုတ်ကြသူများ၊ ကုသိုလ်အလှူဒါနပြုကြသူများဖြင့် အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိသည်။ သင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ရေးနှင့် လုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖယ်ခုံမြို့နယ် (ပြန်/ဆက်)