တံတားမြို့၌ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ ရွှေတံတားရေကစားမဏ္ဍပ်တွင် ပျော်ရွှင်စွာ ဆက်လက်ရေကစား

တံတား ဧပြီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်‌ကျေးမှုမဟာသင်္ကြန်ပွဲတော်(မဟာသင်္ကြန်အကြတ်နေ့) ရွှေတံတားရေကစားမဏ္ဍပ်တွင် ပျော်ရွှင်စွာရေကစားခဲ့ကြသည်။

အဆိုပါ ရွှေတံတားသင်္ကြန်ရေကစားမဏ္ဍပ်သို့ တံတားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်‌ချုပ်ရေးမှူး ဦးရန်‌အောင်မျိုးထက်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ ထို့‌နောက် လမ်းလျှောက်သင်္ကြန်‌ရေကစားမဏ္ဍပ်တွင် စေတနာရှင်များမှ မုန့်လုံး‌ရေပေါ်များဖြင့် စတုဒိသာ စုပေါင်းဧည့်ခံကျွေးမွေးပြီး ယိမ်းအဖွဲ့များမှ သင်္ကြန်တေးသီချင်များဖြင့် ကပြ‌ဖျော်ဖြေခြင်း၊ ခေတ်ပေါ်တေးဂီတများနှင့် ဖျော်ဖြေ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့‌ကြောင်း သိရသည်။

လှိုင်သူဇာ(ပြန်/ဆက်)