မြန်မာနိုင်ငံကြီးမငြိမ်းချမ်းသေးတဲ့နေရာတွေမှာ အမြန်ဆုံးပြန်လည် ငြိမ်းချမ်းနိုင်ပါစေလို့ ဆုတောင်းချင်ပါတယ်__ မဖူးဖူး

ဆီဆိုင်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ပါဝင်ဆင်နွှဲသူများ၏ နှစ်သစ်ကူးဆုတောင်းစကားသံများကို ဖော်ပြအပ်ပါသည် -

မဖူးဖူး(သီရိရပ်ကွက် ၊ ဆီဆိုင်မြို့)

မေး။             ။ လူငယ်တစ်ဦးအနေနဲ့ ဒီနှစ်၂၀၂၆ခုနှစ်သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲရတာ ရင်ထဲက 

  ခံစားချက်လေး ဘယ်လိုရှိလဲ။

ဖြေ။             ။ အခု သင်္ကြန်ပွဲတော်က ယခင်နှစ်ထက်ပိုစည်ကားတဲ့အတွက် သူငယ်ချင်းတွေနဲ့အတူ

  ရေပက်ကစားကြတာ၊ စတုဒီတာမုန့်လုပ်စားကြတာနဲ့ အလွန်ပျော်ရွှင်ရပါတယ်ရှင့်။

မေး။             ။ နှစ်သစ်မှာ ဘာများဆုတောင်းချင်လဲ။

ဖြေ။             ။ ကျွန်မတို့ မြန်မာနိုင်ငံကြီးမငြိမ်းချမ်းသေးတဲ့နေရာတွေမှာ အမြန်ဆုံးပြန်လည်

   ငြိမ်းချမ်းနိုင်ပါစေလို့ ဆုတောင်းချင်ပါတယ်ရှင့်။

ဦးခွန်အောင်မိုး(မြကန်သာရပ်ကွက် ၊ ဆီဆိုင်မြို့)

မေး။             ။ ဦးလေးအနေနဲ့ ဒီနှစ်၂၀၂၆ခုနှစ်သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲရတဲ့အတွက် ရင်ထဲက 

  ခံစားချက်လေး ဘယ်လိုရှိပါသလဲ။

ဖြေ။             ။ အခု ကျွန်တော်တို့မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်မှာ အေးအေး ချမ်းချမ်း၊   

                      ပျော်ပျော်ပါးပါးဖြင့် သားသမီးလေးတွေ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဆုံတွေ့ရ 

                      ပျော်ရွှင်ရတာ ရင်ထဲမှာ တအားပျော်ရွှင်ရပါတယ်။

မေး။             ။ နှစ်သစ်မှာ ဘာများဆုတောင်းချင်လဲဗျာ့။

ဖြေ။             ။ ဟုတ်ကဲ့ နောက်နှစ်သင်္ကြန်ပွဲတော်မှာလည်း ဒီလိုဘဲ အေးအေးချမ်းချမ်း၊

  ပျော်ပျော်ပါးပါးနဲ့ အတူတူဆင်နွှဲခွင့်ရဖို့ ပြန်ဆုံတွေ့ပါရစေလို့ ဆုတောင်း

  ပါတယ်။

မြို့နယ်(ပြန်/ဆက်)