ပေါင်မြို့နယ်၌ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင် သတိပဌာန်းအလုပ်ပေးနှင့် ဝိပဿနာတရားရှုမှတ်နိုင်ရန် တရားစခန်းများ ဖွင့်လှစ်

ပေါင် ဧပြီ ၁၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင် အေးမြသာကြည်မဟာစည်ကျောင်းနှင့် ရိပ်သာများ၌ သတိပဌာန်းအလုပ်ပေးနှင့် ဝိပဿနာ တရားရှုမှတ်နိုင်ရန် တရားစခန်းများ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖွင့်လှစ်ကြသည့် တရားစခန်းများသည် (၇)ရက်တရားစခန်းများဖြစ်ပြီး တရားစခန်းဝင်ရောက်လာသည့် ယောဂီများအား သက်ဆိုင်ရာဆရာတော်ကြီးများက သစ္စာတရားတော်နှင့်ပတ်သက်သည့် တရားတော်များ၊ သတိပဌာန်းအလုပ်ပေးတရားများနှင့် ဝိပဿနာတရားရှုမှတ်နည်းများကို သင်ကြားဟောပြောတော်မူပြီး (၁)နာရီကြာ ဝိပဿနာ ဘာဝနာပွားနည်းများကို ရှုမှတ်စေခဲ့သည်။

အဆိုပါ တရားစခန်းများရှိ ဆရာတော်ကြီးများနှင့် ယောဂီများ သုံး‌ဆောင်နိုင်ရန် ဆွမ်းနှင့် အာဟာရဒါနများကို စေတနာရှင်အလှူရှင်များက နေ့စဉ်လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)