ရမည်းသင်း ဧပြီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်အတွင်းရှိ ဘုရားကျောင်းကန်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဓမ္မာရုံများ၌ သင်္ကြန်အကြတ်နေ့ နံနက် ၉ နာရီမှစတင်ကာ ပြည်သူများအေးချမ်းစွာဖြင့် ဥပုသ်သီလခံယူဆောက်တည် ကုသိုလ်ဒါနပြုလုပ်လျက်ရှိကြောင်း သိရသည်။
၁၃၈၇ ခုနှစ်၊ နှစ်သစ်ကူးမဟာသင်္ကြန်ကာလ၌ ရမည်းသင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများ၌ စတုဒိသာကျွေမွေး၍ ကုသိုလ်ယူသူများနှင့် သက်ကြီးအဘိုး/အဘွားများ၊ ဒေသခံပြည်သူများမှသွားရောက်ပြီး သင်္ကြန်ကာလအခါသမယတွင် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားထိုင်ခြင်း၊ ဘာဝနာတရားပွားများခြင်း၊ ကမ္မဋ္ဌာန်းတရားစီးဖြန်းခြင်းများအား စိတ်အေးချမ်းသာယာစွာကောင်းမှုကုသိုလ်ပွားများ ပြုလုပ်အားထုတ်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)