ကျောက်ဆည် ဇန်တဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌနရှိ အလျား(၄၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၁၁)ပေရှိ အားကစားမှူးရုံးခန်းနှင့် အလျား(၇၅)၊ (၄၅)ပေ၊ အမြင့်(၁၁) ရှိ (၆)ခန်းတွဲဝန်ထမ်းအိမ်ယာ ပြုပြင်ခြင်းများနှင့် သန့်စင်ခန်းများ အသစ်ဆောက်လုပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအစိုးရခွင့်ပြုငွေကျပ်သန်း(၃၄)သန်းဖြင့် မြို့နယ်အားကစားမှူး ရုံးခန်းအား အမိုးနှင့်မျက်နှာကြက် အသစ်လဲခြင်း၊ ဝန်ထမ်းအိမ်ယာအား အမိုးများ၊ မျက်နှာကြက်များ၊ တံခါးများ အသစ်တပ်ဆင်ခြင်း၊ ဆေးသုတ်ခြင်းများနှင့် အလျား(၁၆)ပေ၊ အနံ(၈)ပေခွဲ၊ အမြင့်(၈)ပေရှိ (၄)ခန်းတွဲ သန့်စင်ခန်းအသစ်(၂)လုံး တည်ဆောက် ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
လုပ်ငန်းများကို Pro Five Plus ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိကြောင်း သိရှိရပြီး လုပ်ငန်းများ ပြီးစီးသွားပါက အားကစားလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)