ရန်ကုန် ဧပြီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ မဟာသင်္ကြန်အကျနေ့တွင် သင်္ဃန်းကျွန်းခရိုင် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်သို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိဥက္ကဋ္ဌ ဦးကျော်ကျော်စိုးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ မိသားစုဝင်များသည် ယမန်နေ့နေ့လယ် ၃ နာရီခွဲတွင် သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ မဟာသင်္ကြန်မဏ္ဍပ်လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ ပျော်ရွှင်စွာဆင်နွဲကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဋ္ဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများရောက်ရှိကြရာ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဇနီးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင် ၊ ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးနှင့် တိုင်းဒေသကြီးဝန်ကြီးများက ယိမ်းအဖွဲ့၏ ကပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးပြီး ယိမ်းအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ တေးသံရှင်များက ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)