နောင်ချိုမြို့ ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော်အကျနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပ

နောင်ချို ဧပြီ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော် အကျနေ့အား ဆက်လက်ကျင်းပရာ နောင်ချိုမြို့ စွယ်တော်ရိပ်ကားဝင်းအတွင်းရှိ ဗဟိုမဏ္ဍပ်၌ ယနေ့နံနက် ၉ နာရီအချိန်မှစ၍ ‌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွဲနေကြသော ဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့မိ မြို့ဖများ၊ ပြည်သူများ၊ ရေပက်ခံ ထွက်လာကြသူများဖြင့် အတာသင်္ကြန်ပွဲတော်ကို ဗဟိုမဏ္ဍပ်တွင် ပျော်ရွှင်ချမ်းမြေ့စွာ ကျင်းပလျက်ရှိကြောင်းနှင့် မြို့နယ်အတွင်းတွင်လည်း ရေကစားနေသောပြည်သူများ၊ စတုဒိသာမဏ္ဍပ်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် အတာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်မှေ ၁၆ ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ပြီး ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးဘိုးဘွားများ ကန်တော့ခြင်း၊ ပရိတ်ရွတ်ဖတ်ခြင်းများ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)