ရမည်းသင်းမြို့နယ်၌ မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်တွင် မဟာသင်္ကြန် အကျနေ့ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိ

ရမည်းသင်း ဧပြီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် အကျနေ့ဖြစ်သည့် ဧပြီ ၁၄ ရက်တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာရေပက် ကစားလျက်ရှိကြပြီး မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်တွင်လည်း အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားကြသူများ စတုဒိသာကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိသည်။

ရမည်းသင်းမြို့နယ်တွင် မဟာသင်္ကြန် အကြိုနေ့မှ စတင်၍ ရေပက်ကစားကြသူများ၊ ရေပက်ခံသူများဖြင့် မြို့ပေါ်လမ်းမများတွင်စည်ကားလျက်ရှိပြီး ယနေ့သင်္ကြန်အကျနေ့တွင်လည်း မြို့လယ်လမ်းမကြီးတစ်လျောက် ရေကစားမဏ္ဍပ်ကြီး/ငယ်များဖြင့် ရေပက်ကစားလျက် ရှိကြသည်။ ထို့ပြင် ရန်ကုန်-မန္တ​လေးကားလမ်းမဘေး နာရီစင်အနီးလမ်းမမှ မြို့မ(အထက)ကျောင်းရှေ့မဏ္ဍပ်အထိ ပြုလုပ်ထားသည့် မြန်မာ့ရိုးရာလမ်းလျောက်သင်္ကြန်တွင်လည်း ဖျော်ဖြေရေးအစီအစဉ်များ၊ ရေပက်ကစားသူများ၊ ရေပက်ခံလာကြသူများ၊ စတုဒိသာကျွေး မွေးကြသူများဖြင့် စည်ကားလျက်ရှိပြီး၊ တစ်မြို့လုံးတွင် မြူကြွသည့် သင်္ကြန်သီချင်းသံများဖုံးလွှမ်းလျက် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားလျက်ရှိကာ ဘုရားကျောင်းကန်များနှင့် ဘုန်းတော်ကြီးကျောင်းများတွင်လည်း တရားဘာဝနာ  ပွားများကြသူများ၊ ဥပုသ်သီတင်း သီလဆောက်တည်ကြသူများ၊ ကုသိုလ်အလှူဒါန ပြကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်