ဝမ်းတွင်းမြို့နယ်တွင် ငလျင်ဘေးအန္တရာယ်ဇတ်တိုက်လေ့ကျင့်မှုသရုပ်ပြ

ဝမ်းတွင်း၊ ဇန်နဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ငလျင်ဘေးအန္တရာယ်ဇတ်တိုက်လေ့ကျင့်မှု သရုပ်ပြ ဆောင်ရွက်ခြင်းကို ယနေ့နံက် ၉ နာရီမှ စတင်ကာ မေခလာရပ်ကွက်မြို့နယ်မီးသတ်စခန်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ငလျင်ဘေးအန္တရာယ်ဇတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်နေခြင်းများနှင့် ပတ်သက်၍ မြို့နယ်အတွင်း ငလျင်ဘေး အန္တရာယ်ကျ ရောက်လာပါက လျင်မြန်စွာတုန့်ပြန် ကူညီကယ်ဆယ်ဆောင်ရွက်နိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် လေ့ကျင့်သရုပ်ခြင်းဖြစ်ပါကြောင်း၊ ငလျင်ဘေး အန္တရာယ် ကျရောက်လာပါက အဆောက်အဦများ ငလျင်ကြောင့် ပြိုကျ၍ထိခိုက်ဒဏ်ရာ ရရှိသူများအား ကယ်ဆယ်ခြင်း၊ သေဆုံးမှုများရှိပါကရှာဖွေ သယ်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မီးလောင်မှုတွင် ပိတ်မိနေသူများအားမီးငြိမ်းသတ်၍ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြု ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းများကို အဆင့်လိုက်စနစ်တကျ သရုပ်ပြလေ့ကျင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ကိုမြို့နယ်မီးသတ် ဦးစီးမှူးဦးစိုးထွန်းထံမှပြောပြသည်။

အဆိုပါ ငလျင်ဘေးအန္တရာယ်ဇတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှုး ဦးစိုးထွန်း ခေါင်းဆောင်ကာ သန္ဓေတပ်ဖွဲ့ဝင်(၂၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ မြို့နယ်အဆင့်တပ်ဖွဲ့ ဝင်(၃၅)ဦးတို့ဖြင့်ဆောင်ရွက်ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)