သီပေါ ဧပြီ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၁၃၈၇ ခုနှစ်မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသော ပြည်သူများ၏ ရင်တွင်းစကားသံများ-
ဒီနှစ်မဟာသင်္ကြန်ပွဲတော်မှာ သားသူငယ်ချင်းနဲ့နှစ်ယောက်အတူ ပျော်ရွှင်စွာလည်ပတ်ပါတယ်။ သားတို့ ဒီလိုမျိုးမပျော်ရွှင်ရတာနှစ်အနည်းငယ်ကြာနေပြီဖြစ်လို့ အခုအရမ်းကိုပျော်ရွှင်ခဲ့ပါတယ်။ အခုလို မဟာသင်္ကြန်ပွဲတော်ကိုကျင်းပပြုလုပ်ပေးတဲ့ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင် ပါတယ်ခင်ဗျာ။
မောင်ခွန်ကြည်ဝင်း
ဒီနှစ်ထူးခြားသောသင်္ကြန်မှာပျော်ရွှင်ဖို့အတွက် နံနက်စောစောကရင်းလာခဲ့ပါတယ်။ ဒီနေ့အကျနေ့ စတုဒီသာမဏ္ဍပ်တွေမှာ မုန့်ဟင်းငါး၊ မုန့်လက်ဆောင်း၊ နို့သာကူ၊ ကြာဆံချက်၊ နို့သစ်ခွ၊ လ္ဘက်ထမင်း၊ နို့စိမ်းခေါက်ဆွဲစသည့် အစားအစာများကို စုံလင်စွာစားခဲ့ရပါတယ်။ ဗဟိုမဏ္ဍပ်နှင့် ဒီဂျေမဏ္ဍပ်တို့ ဖျော်ဖြေမှုများကိုလည်းပြည်သူများက ပျော်ရွှင်လွတ်လပ်စွာ ပါဝင်ဆင်နွှဲနေတာကိုလည်း တွေ့ရပါတယ်ရှင့်။
မနီလာညွန့်
ဒီနေ့သင်္ကြန်အကျနေ့မှာ မိသားစုနှင့်အတူလည်ပတ်ခွင့်ရရှိခဲ့လို့ အရမ်းကိုပျော်ရွှင်ခဲ့ရပါတယ်။ သီပေါမြို့ပေါ်ရပ်ကွက်နဲ့ အနီးအနားကျေးရွာတွေမှာလည်း သင်္ကြန်ရေကစားမဏ္ဍပ်နှင့် စတုဒီသာမဏ္ဍပ်တွေကို အများအပြားတွေ့ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ နှစ်သစ်မှာ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းပေးလိုက်ပါတယ် ခင်ဗျာ။
ဦးထွန်းမင်းဦး
သမီးက ဒီနှစ်သင်္ကြန်မှာ အရမ်းပျော်ပါတယ်။ သမီးတို့ အိမ်ကဥယျာဉ်နားမှာဆိုတော့ ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်များကိုလည်း စည်ကားစွာတွေ့မြင်နေရပါတယ်။ အားလုံးပျော်ရွှင်နေကြသလို သမီးတို့သူငယ်ချင်းများကလည်း ပျော်ရွှင်စွာရေပက်ကစားခဲ့ကြပါတယ်ရှင့်။
နန်းဆိုင်ထွေး
ဒီနှစ်သင်္ကြန်မှာ ကျွန်မအနေနဲ့ပွဲတော်ဖြစ်မြောက်ရေးအတွက် မဏ္ဍပ်တည်ဆောက်ရေး၊ လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ရပါတယ်။ ဒီသင်္ကြန်ပွဲတော်မှာဆိုရင် ဖျော်ဖြေရေးမဏ္ဍပ် (၂) ခု၊ စတုဒီမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်လျှောက်လမ်းပြင်ဆင်ခြင်းတွေကို ဆောင်ရွက်ရပါတယ်။ ရိုးရာမပျက် သင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခွင့်ရတဲ့အတွက်နဲ့ ပြည်သူများ ပျော်ရွှင်စွာ လာရောက်ဆင်နွဲနေကြတာကို မြင်ရတာလို့ အတိုင်းမသိဝမ်းသာပီတိ ဖြစ်ခဲ့ရပါတယ်ရှင့်။ မဟာသင်္ကြန်အတက်နေ့အထိ ပျော်ရွှင်စွာလာရောက်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။
ပိုးအိအိစိုး