မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ(၇)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဆောင်ရွက်သွားမည်

ချောင်းဆုံ ဇန်နဝါရီ ၁၄

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်အတွင်း လမ်းတံတား၊ ရေပေးဝေရေး၊ မီးလင်းရေးစသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဇန်နဝါရီ ဒုတိယပတ်မှ စတင်ကာ ကျေးရွာ(၇)ရွာတွင် လုပ်ငန်း အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် (ကျေး/လက်) ဌာန ဝန်ထမ်းများမှကျေးရွာများသို့ သွားရောက်ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်ခြင်း၊ ကျေးရွာ ကော်မတီဝင် များမှ တင်ပြလာသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စိစစ်ခြင်း၊  စသည့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဇန်နဝါရီလ ၁၂ ရက်မှ စတင်ကာ ကွင်းဆင်းဆောင်ရွက် လျက် ရှိကြောင်း မြို့နယ်ကျေး/လက်ဦးစီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် ချောင်းဆုံမြို့နယ်အတွင်းရှိ မုရစ်ကလေးကျေးရွာအုပ်စု ကုန်းကလေး ကျေးရွာ၊ နတ်မှော်ကျေးရွာအုပ်စု နတ်မှော်ရွာသစ်ကျေးရွာ၊ ကွမ်သဲကျေးရွာ၊ သက္ကောကျေးရွာ၊ ထန်းပင် ကုန်းကျေးရွာ၊ တောင်စွန်းကျေးရွာ၊ ကညှော်ကျေးရွာ (၇)ရွာတွင် လမ်း၊ တံတား ရေပေးဝေရေး၊ မီးလင်းရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်ရွာလျှင်လျာထားရန်ပုံငွေကျပ် သိန်း(၁၀၀)ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)