မော်လမြိုင် ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မွန်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့တွင် မြို့နယ်အသီးသီးရှိ အေးချမ်းပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဗဟိုမဏ္ဍပ်တွင် အေးချမ်းပျော်ရွှင်စွာ ရေကစားခြင်း၊ သင်္ကြန်ယိမ်းအဖွဲ့များနှင့် တေးသံရှင်များမှ တေးသီချင်းများဖြင့် သီဆိုကပြယှဥ်ပြိုင်နေမှုအပေါ် ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စတုဒိသာအဖြစ် မြန်မာ့ရိုးရာ အစားအစာနှင့် အခြားစားသောက်ဖွယ်ရာများ ကျွေးမွေးလှူဒါန်းရာ လာရောက် စားသုံးကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။
အလားတူ မွန်ပြည်နယ်အတွင်ရှိ မြို့နယ်အသီးသီးတွင်လည်း သင်္ကြန်အကျနေ့ကို ပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ရေကစားခြင်း၊ လမ်းလျှောက်သင်္ကြန်နှင့် စတုဒိတာ ကျွေးမွေးခြင်းဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)