တနိုင်းမြို့နယ်တွင်​ ဗဟိုမဏ္ဍပ်၌ မဟာသင်္ကြန်အကြိုနေ့ ဖွင့်ပွဲအခမ်းအနားကျင်းပ

တနိုင်း ဧပြီ ၁၃

ကချင်ပြည်နယ်၊ တနိုင်းခရိုင် တနိုင်းမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အကြိုနေ့တွင် ​မြို့မစျေးရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ယနေ့ညနေ ၃နာရီကကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်လင်းမှ အဖွင့်အမှာစကားပြောကြားပြီး ဒေသကွပ်​ကဲမှုစစ်ဌာနချုပ်(တနိုင်း) ဒေသကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်ကျော်ဖုန်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမိုးဇော်လင်း၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုး၊  တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းနှင့်ယိမ်းအကဖွဲ့များက တစ်ပြိုင်နက် မန်းတောင်ရိပ်ခို သင်္ကြန်သီချင်းဖြင့် ကပြတင်ဆက်သည်။

ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိ၊မြိုဖများ၊ယိမ်းအဖွဲ့များ၊ ပြည်သူလူထုများက လမ်းလျောက်သင်္ကြန်ကို မြို့မစျေးရှေ့ဗဟိုမဏ္ဍပ်မှ မြို့နယ်ရဲစခန်းရှေ့ ရေကစားမဏ္ဍပ်အထိ စည်းကားသိုက်မြိုက်စွာကျင်းပရာ လမ်းလျောက်သင်္ကြန်ကျင်းပနေစဥ်အတွင်း မြန်မာ့ရိုးရာ သနပ်ခါးလိမ်းခြယ်ခြင်းများကိုလည်းကောင်း၊  အတာရေပက်ဖျန်းခြင်းများ၊ အိုးစည်ဒိုးပတ် သံချပ်အဖွဲ့များကမြိုင်မြိုင်ဆိုင်ဆိုင် ဖျော်ဖြေတင်ဆက်ပြီးလမ်းလျောက်သင်္ကြန်ကို စည်းကားသိုက်မြိုက်စွာကျင်းပကြောင်း သိရသည်။       

မြို့နယ်(ပြန်/ဆက်)