စမ်းချောင်းမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စမ်းရေအေး လမ်းလျှောက် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

စမ်းချောင်း ဧပြီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စမ်းရေအေး လမ်းလျှောက် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် () နာရီ အချိန်က ကျင်းပသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးမျိုးသန့်၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးအောင်၀င်းသန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်၊ အလုံခရိုင်၊   စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီ အဖွဲ့၀င်၊ ဒုတိယဗိုလ်မှူးကြီးဇော်၀င်း၊ စမ်းချောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘ၀င်း တို့က စမ်းရေအေး လမ်းလျှောက်မဟာသင်္ကြန် မဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး‌နောက် မြူမှုန် ဝေကင်း သီချင်းဖြင့် ယိမ်းအဖွဲ့များမှ ဖျော်ဖြေတင်ဆက်သည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးသန့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်၀င်းသန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်၊ အလုံခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီ အဖွဲ့၀င်၊ ဒုတိယဗိုလ်မှူးကြီး ဇော်၀င်းနှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဘ၀င်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ယိမ်းအဖွဲ့များ၊ ပရဟိတအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ  တက်ရောက်ခဲ့‌ကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)