အလုံ ဧပြီ ၁၃
အလုံခရိုင်၊ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ ခရိုင်ပညာရေးမှူးရုံးရှေ့၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ရွှေလုံမောင်မယ် ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရွှေလုံမောင်မယ်ဖျော်ဖြေရေးမဏ္ဍပ်၊ လမ်းလျှောက် သင်္ကြန်မဏ္ဍပ်၊ စတုဒိသာမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီးနောက် မြူမှောင်ဝေကင်း သီချင်းဖြင့် ပိတောက်မယ်ယိမ်းအဖွဲ့မှ ဖျော်ဖြေခြင်းနှင့် တာ၀န်ရှိသူများက အမွှေးနံ့သာများဖြင့် ပက်ဖျန်းခြင်းနှင့် ဆုချီးမြှင့်ခြင်းများ ဆက်လက်ကျင်းပခဲ့ပြီး ရွှေရင်အေးဖြင့် စတုဒိသာကျွေးမွေးခဲ့သည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကုဋေထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ယိမ်းအဖွဲ့များ၊ ပရဟိတလူမှု အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်းအင်အား ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရွှေလုံသား (မြို့နယ်ပြန်/ဆက်)