မုဒုံမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုမဏ္ဍပ် လမ်းလျှောက်သင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မုဒုံ ဧပြီ ၁၃

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ၂၀၂၆ ခုနှစ်၊  မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန် လမ်းလျှောက်ရေသဘင်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဗိုလ်ချုပ်လမ်းပေါ်ရှိ မြို့တွင်း၌ကျင်းပသည်။

ရှေးဦးစွာ မုဒုံမြို့နယ် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ဇော်ဘုန်းမြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးပြည်သိမ်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှု ဆောင်အရာရှိ ဒေါ်ခင်သီတာလင်းတို့က မြို့နယ်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ယိမ်းအဖွဲ့ငါးဖွဲ့မှ “မြူမှောင်ဝေကင်း မြနန္ဒာ” တေးသီချင်းများဖြင့် စုပေါင်းကပြဖျော်ဖြေရာ တာဝန်ရှိသူများက ယိမ်အဖွဲ့များအား ဆုငွေများ ချီးမြှင့်ခြင်း၊ သပြေခက်နှင့် အတာရေများ ပက်ဖျန်းခဲ့ကြပြီး လမ်းလျှောက်ရေသဘင် ပွဲတော်အား ပျော်ရွှင်အေးချမ်းစွာ ပါဝင်ဆင်နွှဲကြသည်။  

ယခုနှစ် မုဒုံမြို့နယ် မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ဗဟိုမဏ္ဍပ်တွင် ယိမ်းအကအဖွဲ့ဝင်များ၊ အဆိုဝါသနာရှင်များ၏ တေးသီချင်းဖျော်ဖြေရေးနှင့် စတုဒိသာကျွေးမွေးခြင်းကို မဟာသကြင်္န်အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)