ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်

ရန်ကုန် ဧပြီ ၁

၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၁၈) နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားကွင်းတွင် ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့က မင်္ဂလာဒုံခရိုင်အသင်းနှင့် ဒဂုံမြို့သစ်ခရိုင်အသင်းတို့၏  ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု အားပေးသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ  ပြိုင်ပွဲတွင် တာဝန်ယူခဲ့သော ဒိုင်ကြီးကြပ်နှင့် ဒိုင်လူကြီးများ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဂိုးသမားဆုရရှိသော အလုံခရိုင်အသင်းမှ ကျောနံ ပါတ်(၁၈) အောင်ဖြိုးဝေ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး နောက်တန်းဆုရရှိသော မင်္ဂလာဒုံခရိုင် အသင်းမှ ကျောနံပါတ်(၅) ရဲရင့်ကောင်းခန့်၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အလယ်တန်းဆုရရှိ သော ဒဂုံမြို့သစ်ခရိုင်အသင်းမှ ကျောနံပါတ်(၆) ဇော်ထက်ဝေ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ရှေ့တန်းဆုရရှိသော ဒဂုံမြို့သစ်ခရိုင်အသင်းမှ ကျောနံပါတ်(၁၀) ထက်အာကာဝင်း၊ ပွဲစဉ် တစ်လျှောက် အကောင်းဆုံးဆုရရှိသော မင်္ဂလာဒုံခရိုင်အသင်းမှ ကျောနံပါတ်(၇) ဝေယံဖြိုး၊ စတုတ္ထ ဆုရရှိသော မရမ်းကုန်းခရိုင်အသင်း၊ တတိယဆုရရှိ သော အလုံခရိုင်အသင်းနှင့် ဒုတိယဆုရရှိသော ဒဂုံမြိုသစ်ခရိုင်အသင်းတို့အား တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက တစ်ဦးချင်း ဆုတံ ဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲတွင် ပထမဆုရရှိသော မင်္ဂလာဒုံခရိုင်အသင်းအား ရန်ကုန်တိုင်းဒေသကြီး အား ကစားနှင့် ကာယပညာကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက တစ်ဦးချင်း ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ခဲ့သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို (၁၄)သင်းဖြင့် ဧပြီ၁ရက်မှ ၁၁ရက်အထိ ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)