ဒဂုံ ဧပြီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်တွင် ဧပြီ ၁၃ ရက်တွင် စတင်ကျင်းပမည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အတွက် ရေကစားမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန် မဏ္ဍပ်နှင့် စတုဒိသာမဏ္ဍပ်များ ဆောက်လုပ်ထားရှိပြီးဖြစ်ကြောင်း သိရှိရသည်။
ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန်နှင့် နေအပူရှိန်သက်သာစေရန် လမ်းလျှောက် သင်္ကြန်မဏ္ဍပ်တွင် ထီးအမိုးများဖြင့် စနစ်တကျပြင်ဆင်ထားရှိလျက်ရှိပြီး လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။
မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာ့ရိုးရာသင်္ကြန်အကများဖြင့် ဖျော်ဖြေရေးအစီအစဉ်များ ပြုလုပ်မည်ဖြစ်ပြီး စတုဒိသာများလည်း ကျွေးမွေးမည်ဖြစ်ကြောင်း သိရှိရသည်။
ဉာဏ်မင်းပြည့် (ပြန်/ဆက်)