ကျိုင်းတုံ ဧပြီ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(မွမ်းမံ)သင်တန်းဆင်းပွဲကို ယနေ့က ကျိုင်းတုံဂုဏ်းအုပ် ကက်သလစ်သာသနာ ကျောင်းတိုက်တွင် ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကျိုင်းတုံခရိုင် လူမှုန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့် က ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း အမျိုးသား၊ အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ မူကြိုပညာရပ်ဖြင့် အိုးမကွာ၊ အိမ်မကွာ မိမိအိမ်၌ပင် မူကြိုကျောင်း ဖွင့်လှစ်နိုင်ရန်၊ ရင်သွေးငယ်များကို ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးဆိုင်ရာ နည်းလမ်းများဖြင့် နည်းစနစ်မှန်ကန်စွာ ပြုစုပေးနိုင်ရန် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
အဆိုပါ သင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ (၉၇) ဦး တက်ရောက်ပြီး ဧပြီလ (၇) ရက်မှ (၁၂) ရက်အထိ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)