အင်းစိန် ဧပြီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး သင်္ကြန်မဏ္ဍပ်နှင့် ယိမ်းအကဖွဲ့များအား ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန်က လိုက်လံကြည့်ရှုစစ်ဆေးရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့်အဖွဲ့ဝင်များက အင်းစိန်မြေဖျော်ဖြေရေးမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလများတွင် အဆိုပါ လမ်းလျှောက်သင်္ကြန်ကို ပျော်ရွှင်စွာရေကစားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားမည်ဖြစ်ပြီး မဟာသင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ နေ့စဉ်နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် စတုဒိသာ အကျွေးအမွေးများဖြင့် ဧည့်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း တာဝန်ရှိသူများထံမှ သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)